Wednesday, June 27, 2012

ဖုန်းတစ်လုံးရဲ့အရေးပါအသုံးဝင်ပုံ



                                                      

ဖုန်းတလုံးရဲ့ အရေးပါပုံလေးကိုကျွန်တော်တင်ပြပါ့မယ် ။ ဒီ post လေးကိုရေးမယ်လို့ စိတ်ကူးထားတော့ကြာပါပြီး ကျွန်တော်လက်တွေ့ စမ်းကြည်ချင်တာနဲ့ အချိန်နဲနဲလေးယူလိုက်တာပါ ။ ဒီ post ထဲမှာရေးထားတာအားလုံးတကယ်လက်တွေ့ အသုံး
ချလို့ ရတယ်ဆိုတာ ကျွန်တော်အားမခံပါတယ် ။ ကျွန်တော် စမ်းကြည်ပြီးပါပြီး အားလုံးလဲသိထားရအောင် ကျွန်တော် တင်ပေးတာ
ပါ ။ သူငယ်ချင်းတို့ လဲ ဒီ post လေးကိုဖတ်ပြီးစမ်းကြည်ပါ ။ ပြီးတော့မှတ်သားထားပါအရေးကြုံလားရင်သိရှိရအောင်လို့ ပါ ။ဘယ်
လိုအသုံးဝင်တာလဲ ကျွန်တော် ပြောပြမယ်နော် ။

-မည်သည်ဖုန်းမဆို အရေးပေါ်တွက် keypad ကို locked လုပ်ထားရင်တောင်မှ 112 ဆိုနံပါတ်ကိုနှိပ်လို့ ရပါလိမ့်မယ် ။ 112 နံပါတ်
ဟာကမ္ဘာလုံးဆိုင်အရေးပေါ်ဖုန်းနံပါတ်ဖြစ်ပါတယ် ။ သူငယ်ချင်းရဲ့ ဖုန်းဟာဆက်သွယ်နိုင်တဲ့ဧရိယာအတွင်းမှာသာရှိနေပါစေ 112
ဆိုတဲ့နံပါတ်ကိုသာနှိပ်လိုက် သူငယ်ချင်းတို့ ရဲ့ ဖုန်းဟာအနီးဆုံးဆက်သွယ်မှုကွန်ယက်ကိုအလိုလျောက်ချိတ်ဆက်ပေးပါလိမ့်မယ်။
ဖုန်းရဲ့ ခလုပ်တွေကိုပိတ်ထားရင်တောင်မှ 112 ဆိုတဲ့နံပါတ်ကိုတော့နှိပ်လို့ ရနေပါလိမ့်မယ် ။ ဒါကဖုန်းတလုံးရဲ့ ကွန်ယက်ချိတ်ဆက်
မှုလေးတခုပါ ။ နောက်ထပ်ရှိပါသေတယ် . . .
-တကယ်လို့ များ သူငယ်ချင်း ဟာကားထဲမှာသော့မေ့ကျန်ခဲ့ဆိုပါတော့သော့အပိုလဲပါမလားဘူး ။အပိုသော့ကလဲအိမ်မှာရှိနေတယ်
ဆိုပါတော့ ။ သူငယ်ချင်းကားမှာအဝေးထိန်းစနစ်ရှိနေပါသလား ။ အခုလို့ သော့ကကားထဲမှာကျန်နေတဲ့ချိန်အဝေးထိန်နဲ့ မဟုတ်ဘဲ
လက်နဲ့ ဖွင့်ရမဲ့အခြေနေနဲ့ ကြုံလာပါပြီး ။ ကားသော့ကလဲကားထဲမှာ အပိုသော့ကလဲအိမ်မှာ ဒါဆိုရင်တော့ သူငယ်ချင်းရဲ့ ဖုန်းနဲ့ အိမ်ကိုခေါ်လိုက်ပါ(အိမ်ကိုခေါ်ပြီးမှာတော့အိမ်ကလူတွေကိုလာပေးခိုင်မှာပေါ့ဟုတ်တယ်မလား)။ ဆက်ပြောပြမယ် သူငယ်ချင်းအိမ်
ကနေဖုန်းခေါ်တာကိုပြန်လည်ပြောဆိုတယ်ဆိုရင်တော့ သင့် ရဲ့ ဖုန်းကို ကာတံခါနဲ့ ခြေတလှမ်းအကွာမှာထားလိုက်ပါ ။ အိမ်ကဖုန်း
ကိုင်တဲ့သူကိုပြောလိုက်ပါ ကားသော့ဖွင့်တဲ့ခလုတ်ကို ဖုန်းနားကပ်ပြီးနှိပ်လိုက်ပါလို့ ။ ဒီလို့ ချိန်မှာ သူငယ်ချင်း ရင်ထဲမှာရင်ခုန်သံတွေမြန်ပြီးစိတ်လှုပ်ရှာနေပါလိမ့် ။ ဒါပေမဲ့ ပြန်စဉ်စားကြည်တော့လဲပျော်ဖိုကောင်းပါတယ်ကိုယ်တိုင်စမ်းကြည်ပြီး
ပါပြီး ။ တကယ်ပဲစိတ်လှုပ်ရှာဖို့ ကောင်းတယ်ဗျာ ။ဒီလိုဆိုတော့လဲ အိမ်ကလူတွေလဲလာပေးဖို့ မလို့ တော့ဘူး ။ဘယ်လောက်ပဲကွာ
ဝေနေပါစေ သင်ရဲ့ အပိုသော့ကမိုင်တရာအကွာမှာရှိနေပါစေဒီနည်းနဲ့ ကားတံခါးကိုဖွင့်နိုင်တာ သူငယ်ချင်း ရဲ့လက်ကိုင်ဖုန်းကြောင့်
ပါ ။ အရေးကြုံလာတော့သိထားတာလေ အသုံးချကြည်ဗျ ။ တကယ်လက်တွေ့ ပါပဲဗျာ ။
-သူငယ်ချင်တို့ ရဲ့ လက်ကိုင်ဖုန်းမှာ ဖွတ်ထားတဲ့ ဘက္ထရီရှိနေတယ်ဆိုတာကိုသတိထားမိကြလား ။ သူငယ်တို့ ဖုန်းဟာဓါတ်အား
သိပ်ပြီးနည်းလာပြီးဆိုပါတော့ဗျာ ။ *3370# ကိုနှိပ်ကြည်လိုက်(အားနည်းနေတဲ့အချိန်မှာသာနှိပ်လို့ ရပါသည်) ။ဖုန်းအတွင်းအရေးပေါ်သုံးဖို့ အတွက်ချန်ထားတဲ့ ဓါတ်အားကို
ပြန်ဖွင့်ပေးပြီးဘက္ထရီထက်ဝက်ကျန်သေကြောင်းပြပါလိမ့်မယ်။ဒါဆို သူငယ်ချင်း အရေးကြုံတဲ့အခါဖုန်းထဲအားမရှိရင်တော့ဒီနည်း
တိုင်းလုပ်ကြည်ပါအဆင်ပြေပါလိမ့်မယ် ။ နောက်တခါဖုန်းကို ဘက္ထရီ ပြန်လည်ဖြည့်တဲ့အခါမှာတော့ သာမန် နဲ့  အရေးပေါ်နှစ်မျိုး
လုံးအတွက်ဘက္ထရီအားကိုပြန်လည်ဖြည့်ပါလိမ့်မယ် ။ Safety first ပါဗျာ ။
-နောက်ဆုံးတခုကတော့ ဥပမာ သူငယ်ချင်းရဲ့ ဖုန်းကိုအခိုးခံရတယ်ဆိုပါတော့ ။ အခိုးခံရတဲ့ဖုန်းကိုတပါးသူကသုံးလို မရအောင်ဖျတ်ပစ်လို့ ရပါတယ် ။ မည်သည်ဖုန်းမဆို နံပါတ် (၁၅) လုံးပါရှိပါတယ် ။ အဲဒီနံပါတ်ကိုသိဖို့ တွက် *#06# ကိုဖုန်းထဲမှာ
နှိပ်ထည့်လိုက်ပါ ။ နံပါတ် ( ၁၅ ) လုံးပေါ်လာပါလိမ့်မယ် ။ အဲဒီ နံပါတ် ၁၅ လုံးကို စာရွက်ပေါ်မှာချရေးပြီးစိတ်ချရတဲ့နေရာမှာသိမ်း
ထားလိုက်ပါ ။ ဒီနံပါတ် ၁၅ လုံးဟာ သင့်လက်ကိုင်ဖုန်း (handset)တွက် သီးသန့် ပါ ။ သူငယ်ချင်းရဲ့ ဖုန်း အခိုးခံရတဲ့အခါမှာတော့
 ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဒီနံပါတ် ၁၅ လုံးကိုပြောပြီးတိုင်တန်းလိုက်ပါ သင့် ရဲ့ လက်ကိုင်ဖုန်းကိုပိတ်ခိုင်နိုင်ပါတယ်။ အကယ်၍
များသူခိုးဟာ Sim Card ကိုမထုတ်ရသေမီသာ သင်ဟာတိုင်းတန်နိုင်ရင်တော့ Sim Card ကိုရော လက်ကိုင်ဖုန်းကိုပါ Disable
လုပ်နိုင်မှာဖြစ်ပါတယ် ။ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ သင် တိုင်းတန်တာများနောက်ကျခဲ့ရင်တော့ ခိုးတဲ့သူကလဲ သင့်ထပ်ပိုလျင်တယ်ဆိုရင်တော့ သင့်ရဲ့  Sim Card ကိုသာ Disable လုပ်နိုင်မှာဖြစ်ပါသည် ။ သင်ဟာဖုန်းနံပါတ်များကိုလက်ကိုင်ဖုန်းအတွင်မှတ်သာတက်တဲ့သူဖြစ်နေရင်တော့ သင့်ရဲ့ 
ဆက်သွယ်မှုကွန်ယက်ကိုတော့ ခိုးတဲ့သူကကောင်းကောင်းသိရှိနိုင်ပါတယ် ။  ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး ။ ထိုကြောင့်ကိုယ်တွက်အရေးကြီးတဲ့ဖုန်းနံပါတ်များကို Sim Card ထဲမှာသာမှတ်သားထား
သင့်ပါတယ် ။ဒီလို မျိုး ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။
                         သူငယ်ချင်းတို့ လဲဖုန်းတလုံးရဲ့ အရေးပါပုံလေးကိုသိရှိပြီးဆိုရင်တော့ ကိုယ်အရေးကြုံလာတဲ့အချိန်မှာအသုံးချ
နိုင်အောင်လို့  ကျွန်တော်သူရိန်မှပြန်လည်ကူးယူဝေမျှလိုက်ပါတယ် ။

No comments:

Post a Comment