Wednesday, June 13, 2012

မေတ္တာ သံယောဇဉ်





                          


သူငယ်ချင်းတွေ သိန်းသန်းပေါင်းများစွာ ပိုင်ဆိုင်တာ
ထူးဆန်းအံ့သြဖွယ်တစ်ရပ်တော့ မဟုတ်ဘူး။
သင့်ကို လူတွေထားသွားခဲ့တဲ့အချိန်
သင့်ဘေးမှာကြံကြံခံရပ်တည်ပေးတဲ့ သူငယ်ချင်းတစ်ယောက်ရှိတာကမှ
တကယ့်ထူးဆန်းအံ့သြဖွယ်ဖြစ်တယ်။


အရွယ်ရောက်လာတာနဲ့အမျှ


ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေလည်း အရင်ကထက် များများလာတယ်
ကျောင်းမှာ ခင်မင်ရင်းနှီးခဲ့တယ်
အလုပ်မှာ ခင်မင်ရင်းနှီးခဲ့တယ်
သူငယ်ချင်းကတဆင့် ခင်မင်ရင်းနှီးခဲ့တယ်
ပါတီမှာ ခင်မင်ရင်းနှီးခဲ့တယ်
အင်တာနက်ပေါ်မှာ ခင်မင်ရင်းနှီးခဲ့တယ်
လမ်းသွားရင်း ခင်မင်ရင်းနှီးခဲ့တယ်။

ဒါပေမဲ့ ဒီလောက်များတဲ့ သူငယ်ချင်းတွေထဲမှာ
သင်ရှုံးနိမ့်ချိန်၊ သင်အခက်အခဲကြုံချိန်
သူငယ်ချင်းတစ်ယောက်ယောက်ကို သင်ပထမဆုံး သတိရမိတတ်တယ်။
သင်ဖုန်းဆက်လိုက်တာနဲ့ အဲဒီသူငယ်ချင်းက
ချက်ချင်း သင့်အနား ပြေးလာတတ်တယ်၊ အားပေးကူညီတတ်တယ်။

တကယ်လို့ သင့်မှာ ဒီလိုသူငယ်ချင်းမျိုး တစ်ယောက်ရှိခဲ့ရင်
ဒါမှမဟုတ် တစ်ယောက်ထက်ပိုခဲ့ရင်
အာရုံစိုက်ပြီး ကောင်းကောင်းတန်ဖိုးထား မြတ်နိုးလိုက်ပါ။

တကယ်လို့ တစ်ယောက်မှ မရှိခဲ့ဘူးဆိုရင်
ဒီလို ထူးဆန်းအံ့သြစရာကောင်းတဲ့ သူငယ်ချင်းမျိုးဖြစ်အောင်
သင် အရင်ကြိုးစားလိုက်ပါ။
.
ကြီးပြင်းရာလမ်းတလျောက်မှာ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်က ဘဝရဲ့မြေသြဇာပါ... ဘဝတစ်ခု ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းရှင်သန်ဖို့ ဒီမြေသြဇာတွေက မရှိမဖြစ်လိုအပ်ပါတယ်...

By: Nine Nine Sanay @ နိုင်းနိုင်းစနေ

No comments:

Post a Comment