Sunday, August 19, 2012

ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး

ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး

( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊
ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တိုပ
ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့
ဓာတ်သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ
ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့်
ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။

Friday, August 17, 2012

ကျောက်ကပ်ဆေးနည်း - (တရုတ်တိုင်းရင်းဆေး)

ကျွန်ပ်တို့ခန္ဓာကိုယ်အတွင်းရှိ ကျောက်ကပ်သည် သွေးများမှ ဆားဓါတ်နှင့် အခြားမလိုလားအပ်သောဓါတ်များ ခန္ဓာ
ကိုယ်အတွင်း မဝင်ရောက်လာနိုင်အောင် စီစစ်ထုတ်ပေးလျက်ရှိပါသည်။အချိန်ကြာလာသည်နှင့်အမျှ ကျောက်ကပ်
တွင်ဓါတ်ဆားများ နှင့်မလိုလားအပ်သော ဓါတ်ဆားများ စုပုံလျက်၇ှိရာ ကျောက်ကပ်အား ဆေးကြောရန်လိုအပ်လာ
ပါသည်။ထိုသို့ကျောက်ကပ်ဆေးကို ဆေးကြောလိုပါက
အလွန်လွယ်ကူသောနည်းလမ်း(တရုပ်ရိုးရာ)တစ်ခုရှိပါသည်။
ငွေကုန်ကျမူအနည်းငယ်ဖြင့်ဆေးကြောမူပြုလုပ်နိုင်ပါသည်။

Thursday, August 16, 2012

အချစ် နဲ့ ကျန်းမာရေး

ချစ်ခြင်းမေတ္တာနဲ့ ကျန်းမာရေးက အံ့အားသင့်ဖွယ် နည်းလမ်းတွေနဲ့ ဆက်စပ်မှု ရှိနေတာ တွေ့ရပါတယ်။ ချစ်ခြင်းမေတ္တာဟာ ကျွန်မတို့ကို ပျော်ရွှင်စေရုံမျှမက ကိုယ်ခံအားကောင်းစေကာ ရောဂါတွေ တိုက်ဖျက်ပေးပါတယ်။ ဒါ့အပြင် တခြားကျန်းမာရေးအတွက် ကောင်းကျိုးများစွာလည်း ရှိပါသေးတယ်။ ချစ်တယ်ဆိုရာမှာ ချစ်နေမိသူနဲ့ အချစ်ခံရသူအနက် ချစ်နေတဲ့သူက ကျန်းမာရေးအတွက် ကောင်းကျိုးကို ပိုခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ချစ်တတ်ဖို့လည်း လိုတာပေါ့နော်။ ပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ပါက သ၀န်တိုမှု၊ မနာလိုမှုနဲ့ တခြားသောက အပူမီးတွေ ပါလာနိုင်ပါတယ်။ ချစ်နေရရင် ပြီးရောဆိုကာ မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တတ်ပါမှ စိတ်အေးချမ်းပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။
အောက်ပါ အချက် ဆယ်ချက်ကို ဆက်လက်ဖတ်ရှုပါနော်

Tuesday, August 14, 2012

ကင်ဆာရောဂါအတွက် အလွန်အသုံးဝင်တဲ့ အာလူး

ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ် ။


ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံ ရရှိခဲ့ပါတယ် ။


ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်းဓါတ်စာ ကို မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာသက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်" ။

အဆုတ်ကင်ဆာအကြောင်း သိထားသင့်သည်များ

အဆုတ်ကင်ဆာက အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပေမယ့် အမျိုးသားတွေမှာ ပိုဖြစ်နှုန်းများတာကို တွေ့နေရပါတယ်။

အမျိုးသားတွေက ဆေးလိပ်သောက်သုံးမှုများလို့ ဖြစ်ရတယ်လို့ ယူဆနေကြပါတယ်။ ဒါကြောင့် အဆုတ်ကင်ဆာနဲ့ ပတ်သက်ပြီး ရောဂါအကြောင်း တိတိကျကျ သိနားလည်ကာ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်စေဖို့ အများသိထားသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

Wednesday, August 1, 2012

"ဝါဆိုလပြည့်နေ ဓမ္မစကြာအခါတော်နေ့ အကြောင်း သိကောင်းစရာ"

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ရခြင်းမှာထိုနေ့၌ ဓမ္မစကြာ တရားတော်ကို မြတ်စွာ ဘုရားက ဟောကြား တော်မူသည်ကို အကြောင်းပြု၍ ကျင်းပ ရခြင်း ဖြစ်ပါသည်။

• ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန် တော၌ မဟာ သက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆို လပြည့်နေ့ နေဝင် လထွက် အချိန်၌ ပဉ္ဓဝဂ္ဂီ ငါးဦး တို့အား ဘုရားအဖြစ်ကို ဝန်ခံသော အားဖြင့် ဟောကြား တော်မူ ခဲ့ပါသည်။

Friday, July 20, 2012

သံသယ မျက်လုံးပိုင်ရှင် ကြောင်လေးတွေပါ

အရာရာကို  သံသယ မျက်လုံးနဲ့အမြဲကြည့်တတ်တာ  သူတို့တွေရဲ့ မွေးရာပါဗီဇပေါ့နော်
 သူတို့တွေက စိတ်ရှည်တယ်  အခွင့်အခါကောင်းကိုစောင့်နိုင်သူတွေပေါ့
 အေးစက်စက်နိုင်တယ်လို့ထင်ရပေမယ့်   တကယ်တမ်းမှာတော့  အေ၇းကြုံတဲ့အခါ
  ၇န်သူကို  လှည့်စားနိုင်တဲ့ အစွမ်းအပြည့်၇ှိတယ်
အောက်မှာကြည့်ပါနော် ချစ်စရာကောင်းပါတယ်


ချစ်စရာကောင်းတဲ့ကြက်တူရွေးလေးများ

ဒါကတော့ကြက်တူရွေးလေးတွေပါ   အရောင်အသွေးစုံတယ်
စုစုပေါင်း(၂၇)ပုံပါတယ်နော်  

ရှုခင်းပုံလေးတွေ(1)


လှပတဲ့ရှုခင်းပုံလေးတွေပါ သီချင်းနောက်ခံလေးအဖြစ်သုံးလို့ကောင်းပါတယ်
flash songs တွေလုပ်တဲ့အခါပေါ့


fantasy nature,nature photos

Saturday, July 7, 2012

ခွင့်လွတ်သည်းခံခြင်းနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ


…တစ်စုံတစ်ယောက်က ကိုယ့်ကို ထိခိုက်နာကျင်စေတဲ့ စကားမျိုး၊ အပြုအမူမျိုး ပြုလုပ်ခံရတဲ့အခါ အလွယ်တကူ ခွင့်လွတ်သည်းခံနိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ ဒါပေမယ့် ခွင့်လွှတ်သည်းခံတတ်အောင် ကြိုးစားသင့်ပါတယ်။ အကြောင်းကတော့ ခွင့်လွှတ်သည်းခံတဲ့ စိတ်ရှိတာဟာ ကျွန်မတို့ရဲ့ စိတ်နဲ့ခန္ဓာကိုယ် ကျန်းမာရေးကို အံ့သြစရာကောင်း လောက်အောင်