သံသယဓါး
ယုံကြည်စိတ်လေးထုံသင်းနေသော
အလှပဆုံးနေ့ရက်တွေတွဲသီထားတဲ့
အပြုံးပန်းဥယာဉ်ကြီးကိုဖြတ်လျှောက်ခဲ့မိတယ်
မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ
မိမိယုံကြည်စိတ်လေးကသာ ပဓါနပါ
ဘယ်လောက်ကြီးကျယ်မြင့်မြတ်တဲ့အရာဖြစ်နေပါစေ
ယုံကြည်စိတ်လေးပျောက်ဆုံးသွားတဲ့အခါ အလိုလိုတန်ဖိုးမဲ့သွားတာပါဘဲ
အမှားကြီးမှားလို့အလွဲကြီးလွဲနေပါစေဦးတော့.......
ယုံကြည်စိတ်လေးမပျောက်ပျက်ခဲ့ဘူးဆိုရင် ပျော်ရွှင်ကြည်နူးခြင်းတွေက
မြစ်တစင်းလိုမပြတ်စီးဆင်းနေမှာပါ
ကို့စိတ်ရဲ့ ထင်မြင်ချက်တစ်ခုနဲ့ဆုံးဖြတ်မှုပေါ်မှာသာ တည်မှီနေတာပါ
လိုရာဆွဲလို့ ကောက်ချက်တစ်ခုနဲ့ သက်သေထူခဲ့မယ်ဆိုရင်တော့
မသိစိတ်တွေနဲ့ ဖွဲ့တည်ထားသော ဒေါသအစုအဝေးတွေက
နေရာမှားပြီး ပေါက်ကွဲလွင့်စင်ဖို့ ဖြစ်တည်လာတယ်ဆိုရမလား
ငါဟာ မင်းအတွက်အသုံးချခံ စစ်တလင်းတော့ မဟုတ်ခဲ့ပါဘူး
သံသယ ဓါးသွားအောက်မှာ ကျဆုံးသွားတဲ့
ချစ်ခြင်းမစ်တာ စစ်သေနာပတိတွေ
တွယ်တာခြင်းသံယောဇဉ် သူရဲကောင်းတွေ
အဖြူေ၇ာင်ချပ်ဝတ်တန်ဆာနဲ့သူငယ်ချင်းလို့ခေါ်တဲ့တပ်သားတွေ
ကိုယ့်အကျိုးမမျှော်တဲ့ကိုယ်ရံတော်မိတ်ဆွေတွေ
ဒီစစ်တလင်းမှာ ဘယ်နှစ်ယောက်များရှိနေလောက်ပြီလဲ
နောက်ဆုံးတော့လဲ........
အပြုံးပန်းတွေ ညှိုးနွမ်းခြောက်သွေ့ချိန်ကို
ခါးသီးစွာကျော်ဖြတ်ရတာပါဘဲ
(ဝေဒနာပေးသူအတွက်)
အညတြ-သူရိန်
No comments:
Post a Comment